သာယာဝတီခရိုင်အတွင်း၌ ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ် တစ်ပြိုင်တည်း စိုက်ထူ

သာယာဝတီ    မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၇ နာရီချိန်က ခရိုင်အတွင်းရှိ မြို့နယ် ၈ မြို့နယ်၌ တစ်ပြိုင်တည်း  ပြုလုပ်စိုက်ထူခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူခြင်းကို သာယာဝတီခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုလှိုင်နှင့်တာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ မြို့နယ် ၈ မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်း စိုက်ထူပေးခဲ့ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်