မုံရွာ မေ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အိမ်တွင်းလက်မှုပညာတစ်ရပ်ဖြစ်သည့် ပန်းကြယ်သီးထိုးနည်း သင်တန်းအား ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးပေးမည့် သင်တန်းဖွင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အိမ်တွင်းမှုပညာရပ်များ သင်ကြားရခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် သင်တန်းနည်းပြဆရာမ ဒေါ်နန်းယဉ်အေးက သင်ကြားမည့်ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
စျေးကွက်ထဲတွင် ပြုလုပ်ရောင်းချရမှု များပြားနေသော မြန်မာဝတ်စုံ အမျိုးသမီး အင်္ကျီများတွင် အလှဆင်သည့် ပန်းကြယ်သီး ထိုးနည်းကို အရောင်စုံပိတ်စသား အနည်းငယ်၊ အပ်၊ အပ်ချည်များဖြင့် ပြုလုပ်သည့် လက်မှု့အတတ်ပညာအား ဆရာမ ဒေါ်နန်းယဥ်အေးမှ ၃ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပြီးအဆိုပါသင်တန်းသို့ အမျိုးသမီး ၁၀ ဦး တက်ရောက် သင်ကြားခဲ့သည်။ သင်တန်းဆရာမ ဒေါ်နန်းယဉ်အေးမှ မိမိတတ်ကျွမ်းသည့် လက်မှုပညာရပ်အား အမျိူသမီး လူငယ်များအား ပြန်လည်မျှဝေပေးလိုသည့် ရည်ရွယ်ချက်ဖြင့် အခမဲ့ လာရောက်သင်ကြားပို့ချရခြင်း ဖြစ်ကြောင်းနှင့် အိမ်တွင်းအလုပ်အကိုင် တစ်ခုအနေဖြင့် ဝင်ငွေ ရရှိနိုင်အောင် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) မှ လက်မှု့ပညာဖြင့် ပြုလုပ်သည့် သင်တန်းများ ပြုလုပ်ပေးလျက်ရှိရာ ပညာမျှဝေပေးလိုသည့် ဆရာမဒေါ်နန်းယဉ်အေးနှင့် ချိတ်ဆက်ပြီး ပန်းကြယ်သီး ထိုးနည်းသင်တန်းအား မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားမှာဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)