သတင်းများ

မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံပေး
May 27,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့  ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
အမာမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်
May 27,2022
ဧရာဝတီဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ကစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်များ လှူဒါန်း
May 27,2022
ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင် ဝန်ထမ်းအရာထမ်းအမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ပန်းတောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးဆောင်ရွက်
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးကို ယမန်နေ့နံက်ပိုင်းက ပန်းတောင်း အ.ထ.ကကျောင်း၌ ကျောင်းအပ်လက်ခံခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ‌ကျောင်းများရှိ ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်
May 27,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တစ်မြို့နယ်လုံးရှိ အ‌‌ခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသူ/ကျောင်းသားများအား ယမန်နေ့နံနက် (၁၀)နာရီက စတင်၍ ကျောင်းအပ်နှံ လက်ခံပေးလျက်ရှိသည်။
ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနား ကျင်းပ
May 27,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ် မြို့နယ်အဆင့် အခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအပ်လက်ခံပေး
May 27,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ချင်းတွင်းလမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရပ်ကွက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ သွားလာရေး အဆင်ပြေစေရန်နှင့် မြို့အင်္ဂါ ရပ်နှင့်အညီ အဆင့်တန်းရှိစွာ နေထိုင်သွားလာနိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော မုံရွာမြို့၊ အိုးဘို တောင်ရပ်ကွက်ရှိ ချင်းတွင်းလမ်း၊ အရှည် - ၇၉၅၀ ပေအား၊ အကျယ် - ၂၂ ပေ၊ ၃ လက်မထုရှိ နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင် ရပ်ကွက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီး ချင်းတွင်းမြစ်ကမ်းပေါ်ရှိ ချင်းတွင်းလမ်းတွင် ကျင်းပရာ လမ်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။