ကြာအင်းဆိပ်ကြီးမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာဖတ်ဝိုင်းကျင်းပ

ကြာအင်းဆိပ်ကြီး မေ ၁၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက် အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမြော်အမြင်မျာ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club အဖွဲ့ဝင်များမှ  စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် ဘဝလမ်းညွှန်စကားမွန် ခေါင်းစဉ်ပါစာအုပ်၏ ဆောင်းပါးများဖြစ်သည့် ချမ်းသာခြင်းနှင့်ကြွယ်ဝသောနှလုံးသား၊ ကြွယ်ဝခြင်း၏ ရလဒ်၊ မသိသည်ကိုသိ၊ သတိမထားအမှားအန္တရာယ်၊ ပညာရှိသတိဖြစ်ခဲစသည့်ခေါင်းစဉ်ပါဆောင်းပါးများ၏ အကြောင်းအရာများအား စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှတစ်ဦးချင်းစီအလှည့်ကျဖြင့် ခေါင်းစဉ်ပါဆောင်းပါးတစ်ပုဒ်စီဖတ်ကြားပြီး ဆောင်းပါးပါအကြောင်းအရာအဓိပ္ပါယ်ယူဆချက်များအား Book Club အဖွဲ့ဝင်များမှ မိမိတို့၏ ထင်မြင်ယူဆချက် သဘောပေါက်နားလည်တွေးခေါ်များအား အပြန်အလှန် အချင်းချင်းသုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး