ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်းတွင် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဘိုကလေး မေ ၂၂

သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေးနှင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၅၄)၌ မြို့နယ်သစ်တော ဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီအချိန်တွင်  အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပဆောင်ရွက်သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး သမဲ့၊ ကျန၊ ကနစို၊ ဗြူးရွှေဝါစသည့် ဒီရေတော သစ်မျိုးပင် စုစုပေါင်း(၁၂၁၀)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)