ပန်းတနော်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ် အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ပန်းတနော် မေ  ၂၃

ဧရာဝတီတိုင်း​ဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၂၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက တက်ရောက် အား​ပေခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်မှ Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတက်ရောက်နေသော ဆရာ ဆရာမများအား ရာနှုန်းပြည့်​ကျောင်းအပ်နှံ​ရေး၊​ ကျောင်းအတွင်း အပြင်သန့်ရှင်း​ရေးကိစ္စများ၊ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်ကြားနိုင်ရေး၊ သတ်မှတ်ရက်တွင် ​ကျောင်းများ ဖွင့်လှစ်ရန် အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရေး၊ ယဉ်ကျေးလိမ္မာပြီး စည်းကမ်း​ကောင်းမွန် ထူးချွန်သည့် အ​ကောင်းအဆိုး ခွဲခြားစဉ်းစားနိုင်ပြီး မျိုးချစ်စိတ်ဓာတ်ရှိ​သောမျိုးဆက်သစ် ကလေးများ ပေါ်ထွန်းလာစေရေး ​စေတနာ​၊ မေတ္တာအရင်းခံစိတ်ဓါတ်ဖြင့် သင်ကြား​ပေးကြရန်နှင့် အေချမ်းစွာပညာသင်ကြားနိုင်​ရေး  လုံ​ခြုံရေးကိစ္စများ အပါအဝင် အခြား လိုအပ်ချက်များကို ကူညီ​ဆောင်ရွက်​ပေးသွားမည်ဖြစ်ပါ​ကြောင်း​ ဆွေး​နွေး​ပြောကြားခဲ့သည်။ ထို့နောက် ​ခရိုင်ပညာရေးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများက ဆရာ ဆရာမ များအား ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ်ဆင့်ပွားသင်တန်းကို မေလ ၂၁ ရက်နေ့မှ မေလ ၂၃ ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ (Grade-11) သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယ ပညာဘာသာရပ်များကို သင်တန်းနည်းပြ ဆရာ ဆရာမ (၁၁)ဦးတို့က သင်ကြား ပို့ချပေး သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း (၂၀၁)ဦး တက်ရောက်သင်ယူလျက် ရှိကြောင်း ပန်းတနော်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)