ပင်းတယမြို့နယ်၌ စိန်တလုံးသရက်သီးများစိုက်ပျိုးဖြစ်ထွန်း
May 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိ ကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးထားရှိရာ ယခုမိုးဦးကျကာလတွင်ထွက်ရှိသည့် စိန်တလုံးသရက်သီးများမကြာမီ စျေးကွက်အတွင်း ရောက်ရှိရောင်းချတော့မည်ဖြစ်၍ သရက်သီးများစျေးကောင်းရရှိရေး၊ တောင်သူများမျှော်လင့်လျက်ရှိသည်။