မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းများကို Online မှတစ်ဆင့် ဆောင်ရွက်ပေး

မိုင်းလုံ မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များကို အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို  ပြည်သူ့စာကြည့်တိုက် Page များတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက်ရှိပါသည်။

ယနေ့မှာတော့ ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို ပုံပြင်များ ကလေးဘဝတည်းက စိတ်တွင်စွဲထင်ကျန်ရစ်နေစေရန်၊ ကူညီတက်သောစိတ်ထားရှိစေရန်၊ စာအုပ်စာပေနှင့် အမြဲထိတွေ့စေရန်၊ ယဉ်ကျေးလိမ္မာသော သားသမီးများဖြစ်စေရန် ရည်ရွယ်၍ အဆန်ခေါင်စုစာပေမှရေးသားသည့် “ပုရစ်ကလေးနှင့်ခို" စာအုပ်ဖြင့်ပုံပြင်ပြောဆိုခြင်း အစီအစဉ်ကိုဆောင်ရွက်ခဲ့သည်။

ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)