စလင်းမြို့နယ်တွင် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကလေးသူငယ်များအား Covid-19 ကာကွယ်ဆေးထိုးနှံနိုင်ရေး အစည်းအဝေးကျင်းပ

စလင်း မေ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြားခန်းမဆောင်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အသက် (၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား/ ကျောင်းသူကလေးငယ်များနှင့် ပြည်သူလူထုအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ် Covid-19 ရောဂါ အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များဖြင့် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့အစည်းအဝေး ပြုလုပ်ဆောင်ရွက်ရာတွင် Covid-19 ရောဂါ အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဌ ဦးနေလင်းနိုင်က စလင်းမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို ၂-၆-၂၀၂၂ ရက်နေ့မှ စတင်ကာ စုရပ်(၃၀)လျာထားပြီး Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအသင်း အဖွဲ့များဖြင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်လွင်