တပ်ကုန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းဆောင်ရွက်

တပ်ကုန်း  မေ ၂၇

ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားမှုပိုမိုတတ်သိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၃နာရီခွဲက ဌာနဆိုင်ရာရုံးများသို့ အရောက်သွား ၍ စာအုပ်၊စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

ထိုကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့်ဝန်ထမ်းများက သုတ၊ ရသစာအုပ်များကို မြန်မာ့စီးပွားရေးဘဏ်နှင့် စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးသို့ သုတ၊ ရသ စာအုပ်၊ စာစောင်များ(အခမဲ့)ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။
တင်စိုးလွင်