ဂန့်ဂေါ မေ ၂၈
သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက သစ်တော သစ်ပင်များသည် သက်ရှိသတ္တဝါအားလုံး၏ ရှင်သန်ရပ်တည်ရေးအတွက် အရေးပါကြောင်း၊ ထို့ကြောင့် သစ်တောသစ်ပင်များအား အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးတွက် ဖော်ဆောင်ရ မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဇော်လွင်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်တို့က ပျိုးပင်များကို ပေးအပ်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးတို့က လက်ခံရယူခဲ့သည်။
၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်(၂)ပေအထက်ရှိ ကျွန်း(၁၂)၊ ခရေ(၁၈)၊ စိန်ပန်းကြီး(၅)၊ ကုက္ကိုလ်(၄)၊ မယ်ဇလီ(၁၆)၊ ပန်းတမာ(၁၀)၊ ပိတောက်(၁၇)၊ ရေတမာ(၉)၊ ကံ့ကော်(၈)စသည့် စုစုပေါင်းပျိုးပင်(၁၂၀)ပင်အား တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ စုစုပေါင်း(၂၀၀)ဦးခန့်က စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ စိုက်ပျိုးခဲ့သည့် သစ်ပင်များ အား ဆက်လက်ရှင်သန်နိုင်ရေး အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူများ တို့က ဝိုင်းဝန်းပြုစု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)