သတင်းများ

ကြံခင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 30,2022
ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးရာသီ၌ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်သောအဖွဲ့များက   (အမှတ်-၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်‌ရေးပစ္စည်းများပေးအပ်
May 30,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ နေအိမ်များလေပြင်းများတိုက်ခတ်၍ အမိုးလန်နေအိမ်နှင့်ပြိုလဲနေအိမ် အိမ်ထောင်စုများ အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဘိုး၊ ကယ်ဆယ်‌ရေးပစ္စည်းများနှင့် သစ်ကိုင်းကျိုးကျ၍ ထိခိုက်ဒဏ်ရာရရှိသော အမျိုးသားတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကိုယနေ့နံနက်  ၉  နာရီခွဲခန့်က ပေါက်ခေါင်းမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
သိန္နီမြို့တွင် ပဲကပ်ကြော်လုပ်ငန်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင် အပိုဝင်ငွေရရှိ
May 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပဲကပ်ကြော်လုပ်ငန်းများကို မိသားစုဝင်ငွေရရှိရေး တစ်နိုင်တစ်ပိုင်လုပ် ကိုင်ဆောင်ရွက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးကို တစ်ဖက်ကအထောက်အကူပေးလျက်ရှိသည်။
ပျော်ဘွယ်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 30,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပျော်ဘွယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ရှိ တိန်လယ်အလိုတော်ပြည့်ဘုရားကြီး ရွှေထီးတော်အသစ် တင်လှူပွဲ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
May 30,2022
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ရတနာသိမ်ကျောင်းအတွင်းရှိ ပုဂံခေတ် ကျန်စစ်သားမင်းကြီးလက်ထက်က တည်ထားကိုးကွယ်ခဲ့သော တိန်လယ်အလိုတော်ပြည့် ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်(၇)နာရီက ရတနာသိမ်ကျောင်း ဆရာတော်  ဘဒ္ဒန္တကေလာသ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ကြည်ညိုခဲ့ကြောင်းသိရ သည်။
သီပေါမြို့  သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုများပြီးစီး
May 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ပညာသီရိ၏ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းစသည့် မြို့ကြီးများမှ မျက်စိ အထူးကုဆရာဝန်ကြီးများက (၂၄-၅-၂၀၂၂)ရက်နေ့မှစတင်၍ (၂၉-၅-၂၀၂၂)ရက်နေ့အထိ (၆)ရက်ကြာ အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ­မောင်တောခရိုင်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၃၁၂) ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့
May 30,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ပထမ သုံးလပတ်အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မြေပြင်ကွင်းဆင်း၍ အိမ်တိုင်လာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) လားရှိုးမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ကို ယမန်နေ့ နံနက်(၉) နာရီက လားရှိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မောချယ်ရီခန်းမ၌ ကျင်းပသည်။