တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ ဆိုးဆေးပါဝင်သည့် အစားအသောက်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ စားသုံးသူပြည်သူများအား ဘေးဥပါဒ်ဖြစ်စေနိုင်သည့် ဆိုးဆေးပါဝင်သော အစားအသောက်များ ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဆိုးဆေးများ သုံးစွဲထားသော အစားအသောက်များနှင့်ပတ်သက်၍ စျေးသူ/သားများနှင့် စျေးဝယ်လာရောက်ကြသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။