သတင်းများ

ကျောက်ဆည်မြို့၌ ပုဂံခေတ်ကတည်ထားကိုးကွယ်ခဲ့သည့် တိန်လယ်အလိုတော်ပြည့်ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
May 30,2022
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ရတနာသိမ်ကျောင်းအတွင်းရှိ ပုဂံခေတ်ကျန်စစ်သားမင်းကြီးလက်ထက်ကတည်ထားကိုးကွယ်ခဲ့သော တိန်လယ်အလိုတော်ပြည့်ဘုရားကြီးတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်(၇)နာရီက ရတနာသိမ်ကျောင်းဆရာတော်ဘဒ္ဒန္တကေလာသဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာများသို့ သောက်သုံးရေများလှူဒါန်း
May 30,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကန်နီကြီးတဲတိုက်နှင့်အုတ်လှေကျေးရွာသို့ မေ ၃၀ ရက် နံနက် ၉နာရီအချိန်က သောက်သုံးရေဂါလံ(၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင်များထံက သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် သာသနာ(၂၅၀၀) ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်
May 30,2022
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ သာသနာ(၂၅၀၀)ကျောင်း ထိုင်ဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် နဝကမအလှုငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး
ကျိုက်မရောတွင် ရာသီစာကျွဲကောသီးများ စျေးကောင်းရရှိ
May 30,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့အတွင်းရှိ ကျွဲကောခြံများတွင် ရာသီစာသီးနှံဖြစ်သည့် မိုးကျွဲကောသီးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ပေါ်ဦးပေါ်ဖျားစျေးကောင်းရရှိရန် ကျွဲကောသီးစီးပွားဖြစ် စိုက်ပျိုးသူများမျှော်လင့်လျက်ရှိနေကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေတက်လာခြင်းကြောင့် သုံးလမြေပဲများ အချိန်မတိုင်မီနုတ်သိမ်း
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းများတွင်စိုက်ပျိုးထားသည့် သုံးလမြေပဲ(ခေါ်) ပင်ထောင်မြေပဲများ ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းနှင့်အတူ စိုက်ခင်းများအတွင်း မြစ်ရေဝင်ရောက်လာမှုကြောင့် မြေပဲများနုတ်ချိန်မရောက်သေးပဲနုတ်သိမ်းနေရကြောင်း တောင်ရွာနောင်(တ)ကျေးရွာ သုံးလမြေပဲစိုက်ပျိုးတောင်သူများထံကသိရသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အဆင့်မြင့်ဂျူဒိုသင်တန်းဆင်းပွဲ ကျင်းပ
May 29,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များကျန်းမာကြံ့ခိုင်ပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နွေရာသီအားကစားသင်တန်းအဖြစ် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်ဂျူဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ(၃)နာရီက ကျင်းပခဲ့သည်။
လားရှိုမြို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပေးအပ်
May 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ပေါက်တောမြို့၌ အောက်ဆီဂျင်စက်ရုံ(Oxygen Plant)ဖွင့်ပွဲ အခမ်းအနားပြုလုပ်
May 29,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီမှကြီးမှူး၍ အောက်ဆီဂျင်စက်ရုံ (Oxygen Plant) ဖွင့်ပွဲအခမ်းအနားကို လောကထိပ်ပန် ဘုရားကြီးကွင်းပြင်တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံနှင့် မြို့နယ်အားကစားခန်းမတွင် ယနေ့နံနက် (၈:၀၀)က ပြုလုပ်သည်။