ပေါက်ခေါင်း မေ ၃၀
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ နေအိမ်များလေပြင်းများတိုက်ခတ်၍ အမိုးလန်နေအိမ်နှင့်ပြိုလဲနေအိမ် အိမ်ထောင်စုများ အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဘိုး၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် သစ်ကိုင်းကျိုးကျ၍ ထိခိုက်ဒဏ်ရာရရှိသော အမျိုးသားတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကိုယနေ့နံနက် ၉ နာရီခွဲခန့်က ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထက်နိုင်တို့က မေလ ၁၊၂၁၊၂၅ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ(၆)အုပ်စုမှ အမိုးလန် အိမ်ခြေ (၄၄)လုံး၊ပြိုလဲနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံငွေ စုစုပေါင်း (၂၆၇၆၅၀၀)ကျပ်နှင့်၊ ပြိုလဲအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)ပုံးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်ကို လေဘေးသင့်အိမ်ထောင်စုမိသားစုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်