သတင်းများ

ဒေးဒရဲမြို့နယ်၊ လေးအိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းအခြေပြုကျန်းမာရေးလုပ်ငန်းများဆောင်ရွက်
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးရေး၊ အစားအစာဘေးအန္တရာယ်ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေးရည်ရွယ်၍ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက လေးအိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ လူငယ်များဗလငါးတန်ပြည့်စုံစေရန် အခြေခံပညာအထက်တန်းကျောင်းခွဲ (သာယာဝဲ)၌ လူငယ်စကားဝိုင်းကျင်းပ
Aug 13,2025
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ကျိုက်လတ်မြို့နယ်၊ သာယာဝဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့မှစတင်ကွင်းဆင်း၍ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးဝမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် သရုပ်ပြစိုက်ပျိုး
Aug 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အောင်နိုင်တိုးအထွက်ကောင်း စပါးမျိုးသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ကိုင်းကျေးရွာ၌ လက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံမြို့ရုံးတွင် စာဖတ်ဝိုင်းပြုလုပ်
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ညနေက ချစ်နိုင်(စိတ်ပညာ)ရေးသားသော “အကြီးအမှူးးဖြစ်စေတတ်သော” စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး
Aug 13,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ စာအုပ်စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နေ့လယ် (၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ ၃ နာရီခွဲကျောင်းဆင်းချိန်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့စာအုပ်/စာစောင်များ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတက်ရောက်
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်းနှင်းရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်
Aug 13,2025
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ယမန်နေ့က အ.ထ.က (ကြို့ပင်ကောက်)နှင့် အခြေခံပညာကျောင်းများအတွင်းဆောင်ရွက်ခဲ့သည်။