ရှင်ဗွေယန် ဇွန် ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အ.မ.က ရှင်ဗွေယန်ကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်ကစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးလွင်ဦးနှင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပထမနေ့အဖြစ် အ.မ.ကရှင်ဗွေယန်ကျောင်းမှ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူပေါင်း (၁၅၃) ဦးအား စတင်ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/သူမိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှင်ဗွေယန်(ပြန်/ဆက်)