သထုံ ဇွန် ၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အခြေခံပညာကျောင်းအသီးသီးတို့ရှိ အသက် (၅)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား စာသင်ကျောင်းအခြေပြု ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က အခြေခံပညာကျောင်း (၇)ကျောင်းတို့၌ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီဝင်များတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက အခြေခံပညာကျောင်း (၇)ကျောင်းတို့မှ အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား အဖွဲ့များခွဲ၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၈၀ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇ ကျောင်းရှိပြီး၊ အသက် (၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား စာသင်ကျောင်းအခြေပြု ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန်လ (၂)ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နဒီ(ပြန်ဆက်)