ပုဇွန်တောင် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) အချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲကို ကျောင်းသား / ကျောင်းသူများ စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး၊ စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာဗဟုသုတများ မြင့်မားလာစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကိုသိရှိပြီး ရှောင်ရှားနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြာင်း သိရသည်။
၎င်းစာအုပ် စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတ / ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား / ကျောင်းသူများက စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်