ရွှေပြည်သာ ဇွန် ၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်(Community Centre)ခန်းမ၌ ဇွန် ၂၆ ရက်နေ့တွင်ကြရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုစာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းဝင်များနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ မူးယစ်ဆေးအစဆေးလိပ်ကစတာကြောင့် ကျောင်းသား၊ ကျောင်းသူများရှောင်ရန်၊ မူးယစ်ဆေးဝါးသားကောင်များမဖြစ်စေရန်တို့ကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြ စာပေချစ်မြတ်နိုးသူများနှင့် အသင်းဝင်များက ပြသထားသော မူးယစ်ဆေးဝါးများနှင့်ပက်သက်သည့် နံရံကပ်စာစောင်များနှင့်စာအုပ်များကို လှည့်လည်ကြည့်ရူခဲ့ကြကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများတိုးပွားစေရန် အထိမ်းအမှတ်နေ့များအလိုက် အသိပညာပေးဆွေးနွေးပွဲများ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် Online မှတဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်၊ ပုံပြောခြင်းများကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)