ပုဇွန်တောင် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ၌ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ကျောင်းသား၊ ကျောင်းသူလေးများ မိမိတို့ဌာနမှ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် မိမိနှစ်သက်သည့် ပန်းချီရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာ အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ ယခုလို အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဖြစ်သည့် စာရေးဆရာမ လမင်းအိမ်က ကျောင်းသား၊ ကျောင်းသူလေးများအား ပန်းချီပညာနှင့်ပတ်သက်၍ အခြေခံအချက်များအား မိတ်ဆက်ပြောကြားကာ လက်တွေ့စတင်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး တက်ရောက်ခဲ့ကြပြီး ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၁၁ ရက်အထိ(၃)ရက်ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်