ဝေါမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမရှိအောင် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေး မြေစိုက်ပိုစတာကို ပြည်သူများအလွယ်တကူ လာရောက်လေ့လာ ဖတ်ရှုနိုင်စေရန်အတွက် ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ဈေးရှေ့၌ စိုက်ထူခဲ့ကြသည်။