ကွမ်းလုံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလုပ်ငန်းနှင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများဆောင်ရွက်
Jun 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို ယနေ့နံနက်(၁၁)နာရီအချိန်က ကွမ်းလုံမြို့ ဝန်ထမ်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အခြေခံပညာမူလတန်း(ဟဲဟော်)ကျောင်းတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။