သတင်းများ

ကျောက်ဖြူမြို့တွင် (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲနောက်ဆုံးနေ့အား သံဃာတော် ၁၂၇ ပါး ဝင်ရောက်ဖြေဆို
Jun 11,2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲနောက်ဆုံးနေ့ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ယနေ့ မွန်းလွဲ ၁ နာရီက စတင်ကျင်းပလျက်ရှိရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော် ၁၂၇ ပါးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ထန်းတပင်မြို့နယ်၌ သွေးလွန်တုပ်ကွေး​ရောဂါ အသိပညာ​ပေး မြေစိုက်ပြဘုတ်များ စိုက်ထူ
Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် သွေးလွန်တုပ်ကွေး​ရောဂါ အသိပညာ​ပေး မြေစိုက်ပြဘုတ်ကို ယ​နေ့နံနက်ပိုင်းက လူသွားလူလာများရာ မြို့မဈေးရှေ့၌ စု​ပေါင်းစိုက်ထူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့် မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာန ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇော်မောင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၀င်များက ကြည့်ရှု လေ့လာခဲ့​ကြောင်း သိရသည်။
ကချင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး
Jun 11,2022
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ ၃ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကျောင်းဝင်းအတွင်း ကချင်ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 11,2022
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းမိသားစုများ၏ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲက အဆိုပါ ကျောင်းဝင်း အတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ငါးမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ ငါးမွေးမြူရေးပညာရှင်နှင့် ငါးမွေးမြူရေးတောင်သူများ၏ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်အားပေး
Jun 11,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)၏ စိုက်ပျိုးရေးဒီပလိုမာ(ပထမနှစ်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက် ရောက်အားပေးအမှာစကားပြောကြားသည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၏ ( ၆၄ ) ကြိမ်‌မြောက် စာဖတ်ဝိုင်းကျင်းပ
Jun 11,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာမြို့နယ် စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်းပြီး (၆၄)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက အဖွင့်အမှာစကား ပြောကြားပြီး  စာရေးဆရာမ မဥ္ဇူသက (မုံရွာ)၏ နှလုံးသွေးနဲ့ရေးတဲ့မှတ်တမ်း (၂) ဦးညွတ်ပါရစေ မြင့်မိုရ်မေမေနှင့် အခြားဆောင်းပါများအပြင် ဆောင်းပါစာအုပ်ပါ အ‌ကြာင်းအရာများကို  စာရေးသူကိုယ်တိုင် ဦးဆောင်ပြီး  ဆွေးနွေးခဲ့သည်။
ခန္တီးမြို့တွင် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jun 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ နယ်မြေခံ တပ်မတော်သားများနှင့် ရပ်ကွက်နေ ပြည်သူများပူးပေါင်းကာ မြို့မ ရပ်ကွက်၊ အ.ထ.က(ခွဲ)ကျောင်းရှေ့ရှိ ကျွန်းစိုက်ခင်းအတွင်း ခြုံနွယ်ပေါင်းပင်များ ရှင်းလင်းခြင်း၊ ပင်ပွားပင်များ ကိုင်းခွဲများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ရမ်းဗြဲမြို့နယ်၌ မျိုးစပါးထုတ်လုပ်မည့် တောင်သူများသို့ မျိုးကောင်းမျိုးသန့် (RS) အဆင့်မျိုးစေ့ ပေးအပ်ပွဲကျင်းပ
Jun 11,2022
 ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့် စပါးထုတ်လုပ်ခြင်းကို လုပ်ကိုင်ဆောင်ရွက်ကြမည့် တောင်သူများသို့ စပါးမျိုး ကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် (ဆင်းသွယ်လတ်) မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ရွာကြီးအုပ်စု၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ရှင်းလင်းဆောင်တွင် ကျင်းပကြသည်။