မိုင်းဖြတ်မြို့နယ်၊ ဆိုင်းလေကျေးရွာသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်

မိုင်းဖြတ် ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်ဖြတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများက ကျေးလက်နေပြည်သူများ စာပေအသိပညာများ တိုးပွားရေးအတွက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသရေးဝန်ဆောင်မှု လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက  မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဆိုင်လေကျေးရွာရှိ “စာပန်ဝေဝေ” စာကြည့်တိုက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဦးရှောလမွန်က လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွက် စာပေသုတလေ့လာကြရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်ရှင်သန်ခိုင်မာရေးတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လူတိုင်းကျန်းမာရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအတွက် ပူးပေါင်ပါဝင်ဆောင်ရွက်ကြရန်နှင့် စပ်လျဉ်း၍ ရှင်းလင်းဟောပြောသည်။ ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးမာက စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြော၍ စာကြည့်တိုက်  လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းက စာကြည့်တိုက်လုပ်ငန်းနှင့် စာအုပ်ထိန်းသိမ်းခြင်း နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြီး “စာပန်ဝေဝေ” စာကြည့်တိုက်အတွက် သုတရသစာအုပ်များ၊ ဝတ္တုနှင့်မဂ္ဂဇင်းစာအုပ်များကို ကျေးရွာစာကြည့်တိုက်ကော်မတီဝင်တို့အား ပေးအပ်လှူဒါန်းပေးခဲ့သည်။ ဆက်လက်၍ စာကြည့်တိုက်ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် စာကြည့်တိုက်ရှင်သန် ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ စာကြည့်တိုက် ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနိုင်းဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျေးလက်ပြည်သူနှင့် ကျောင်းသားလူငယ်များက မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)