ပန်းတနော် ဇွန် ၁၃
ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းသား ကျောင်းသူ လူငယ်တွေ အသိပညာ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ နိုင်ငံအတွက် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ကိုယ်ခန္တာ ကျန်းမာကြံခိုင်လာစေရန်တို့ကို ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနည်းစနစ်မှူး ဒေါ်သိမ့်သိမ့်နွေးက "ကျန်းမာသက်ရှည်ဖို့ ကိုယ်လက်လှုပ်ရှားစို့" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသွင်က "လူငယ်နှင့်အခွင့်အလမ်း" ခေါင်စဉ်ဖြင့် စသည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို လက်တွေ့သရုပ်ပြသခြင်း၊ အားကစားပစ္စည်းများ လှူဒါန်းခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ် သိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)