မူဆယ် ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်ရည်ရွယ်၍ စာရေးဆရာဦးအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်စိုးထန်တူးက စာပေဖတ်ရှုမှုပိုမိုလေ့ လာတတ်စေရန်၊ စဉ်းစာတွေးခေါ်မှုမြှင့်မားစေရန်၊ အသိပညာ၊ အတတ်ပညာများရရှိစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် အကျိုးကျေးဇူးများရရှိလာနိုင်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင်ထားတတ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်း ကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ခြင်း စသည့်တို့ကို ပြောကြားခဲ့ကာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာဦးအောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်မှ အကြောင်းအရာများအနက် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူဆယ်ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက တက်ရောက်လာသူများကို အမှတ်တရလက်ဆောင်များချီးမြှင့်ခဲ့ပြီး စုစုပေါင်း(၂၉) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)