မိုင်းခတ်မြို့နယ်တွင် သီးပွင့်ဆဲ ဘိန်းခင်းများ သွားရောက်ဖျက်ဆီး
Feb 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအရှေ့တောင်ဘက် ၃ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းခင်း (၄)ဧကအား ယမန်နေ့နံနက်က မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။