နေ့စဉ်သုံးအခြေခံ ထိုင်းဘာသာစကားပြောသင်တန်းဖွင့်ပွဲနှင့် နိုင်ငံတကာ Enthanting Myanmar Health & Safety Protocol အသိအမှတ်ပြုတံဆိပ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ညောင်ဦး ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၆)ရပ်၊ အောင်မြေသာရပ်ကွက်ရှိ Heritage Hotel အစည်းအဝေးခန်းမတွင် ၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှဦးစီးကျင်းပသော နေ့စဉ်သုံးအခြေခံ ထိုင်းဘာသာစကားပြောသင်တန်းဖွင့်ပွဲနှင့် နိုင်ငံတကာ Enthanting Myanmar Health & Safety Protocol အသိအမှတ်ပြုတံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဦးမောင်မောင်ကျော် (ညွှန်ကြားရေးမှူးချုပ်)က နေ့စဉ်သုံးအခြေခံထိုင်းဘာသာစကား သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကိုပြောကြားပြီး၊ Best Myanmar International Travel & Agency (Thailand)မှ  ကိုယ်စားလှယ်ဦးစိုင်းကျော်လှဆွေမှ သင်တန်းဖွင့်လှစ်နိုင်ရေး ထောက်ပံ့ကူညီမှုအခြေအနေများအား ရှင်းလင်းပြောကြားကာ ဦးမောင်မောင်ကျော် (ညွှန်ကြားရေးမှူးချုပ်) နှင့်တက်ရောက်လာသည့် ဌာနဆိုင်ရာများ ၊ ဧည့်သည်တော်များမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနှင့်ပတ်သက်၍ စံချိန်စံညွှန်းနှင့်ကိုက်ညီစွာ ဖွင့်လှစ်ထားသော ပုဂံ-ညောင်ဦးရှိ ဟိုတယ်(၁၁)အား နိုင်ငံတကာအဆင့် Enthanting Myanmar Health & Safety Protocol အသိအမှတ်ပြုတံ ဆိပ်ပေးအပ်ချီး မြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

နေ့စဉ်သုံးအခြေခံ ထိုင်းဘာသာစကားပြောသင်တန်းဖွင့်ပွဲနှင့်နိုင်ငံတကာ Enthanting Myanmar  Health & Safety Protocol အသိအမှတ်ပြုတံဆိပ်ပေးအပ်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ မန္တလေးတိုင်းဒေသကြီး ၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဦးဇော်မျိုးလတ် (ညွှန်ကြားရေးမှူး)၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဦးဝင်အောင် (ဒုတိယညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ Best Myanmar International Travel & Agency (Thailand)မှ ကိုယ်စားလှယ် ဦးစိုင်းကျော်လှဆွေ၊သင်တန်းသားသင်တန်းသူ (၇၅)ဦးနှင့်စုစုပေါင်း(၉၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း