(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ လောက်ကိုင်မြို့၌ ကျင်းပပြုလုပ်

လောက်ကိုင် ဖေဖော်ဝါရီ ၇

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ကြွယ်ဝလာစေရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ယနေ့ နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ခန်းမဆောင်တွင် (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်  ဒုတိယဦးစီးမှူး ဒေါ်ရွှေစင်ဖြိုးက “လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာ” များကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်မွန်မွန်စိုးက “မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာ” များကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်တင်တင်နွယ်က “ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း” ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက “၂၁ ရာစု လူငယ်မျိုးဆက်နှင့်နည်းပညာ” ၊ “ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်” ၊ “ကလေးအလုပ်သမားအကြောင်း သိကောင်းစရာ”များကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးမေးမြန်းဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade 7 နှင့်Grade 8 တို့မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် “(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် နံရံကပ်စာစောင်”၊ “မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်” နှင့် “ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ် စာစောင်” များကို ကျောင်းသား/ ကျောင်း သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမေးမြန်းခဲ့သည်ကို ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လောက်ကိုင်(ပြန်/ဆက်)