ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုမှ Daedong စက်ဝယ်ယူသည့် အခြေခံသမဝါယမအသင်း များသို့ အကျိုးခံစားခွင့်များထုတ်ပေး

ပြင်ဦးလွင် ဖေဖော်ဝါရီ  ၇  

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုမှ Daedong စက်ဝယ်ယူ ထားသည့် အခြေခံသမဝါယမအသင်း (၄) သင်းမှ Daedong စက်တန်ဖိုးများအား အပြေအကျေ ပေးဆပ်ခဲ့သည့်အတွက် အကျိုးခံစားခွင့် ၃၈ သိန်းကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုတွင် လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အကျိုးခံစားခွင့်များ ထုတ်ပေးရာတွင် ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်တင်နှင့် အခြေခံသမဝါယမအသင်းမှ စက်ဝယ်ယူထားသည့် အသင်းသားများနှင့် အသင်းအလုပ်အမှုဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ် (ခရိုင် ပြန် / ဆက် )