မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk  Show) ကျင်းပ

မြစ်သား ဖေဖော်ဝါရီ 

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် လူငယ်၊လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက်  မူးယစ်ဆေးဝါးအန္တရာယ်  အသိပညာပေး ဆွေးနွေးပွဲ( Talk Show) ကို  ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး မူးယစ်ဆေးဝါးဆိုသည်မှာ မူးယစ်ဆေးဝါး အမျိုးအစားများ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်သည့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းနှင့်  မူးယစ်ဆေးဝါး လျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ ဝိုင်းဝန်းကြိုးပမ်းတိုက်ဖျက်‌ချေမှုန်းရမည့် အကြောင်းများကို ဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က မူးယစ်ဆေးသုံးစွဲသူများတွင် ဖြစ်ပွားသော ဆိုးကျိုးများဖြစ်သည့် စိတ်ကျရောဂါဖြစ်ခြင်း၊ မိသားစုစိတ်ဓာတ်များ လျော့နည်းလာခြင်း၊ ဆေးသုံးစွဲခြင်းကြောင့် နှလုံးရောဂါ၊ အဆုတ်ရောဂါနှင့် သွေးကြောပိတ်ရောဂါများ ဖြစ်တတ်ကြောင်းတို့ကို အကျယ်တဝင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲနိုင်ဦး(မြစ်သား)