ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး(Talk Shaw) ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Shaw) ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျိုက်ဒုံမြို့ ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ဒေါ်ဝါဝါလင်း (ရုပ်သံကျွမ်းကျင်-၃) တို့မှ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့တပ်မတော်သည် ဂျပန်တို့၏ အကူအညီနှင့် နယ်ချဲ့အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့ပုံ၊ ဂျပန်ဖက်ဆစ်ဝါဒ၏ သရုပ်မှန် အတုအယောင်လွတ်လပ်ရေးကို သိရှိလာသည့်အတွက် မဟာမိတ်တို့နှင လက်တွဲပူးပေါင်းပြီး ဂျပန်တို့ကို တိုက်ထုတ်ခဲ့ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်မနှင တောင်တန်းဒေသများ အားလုံးလွတ်လပ်ရေးတစ်ပြိုင်တည်း ရရှိစေရေး ပင်လုံညီလာခံ ကျင်းပပြီး ဆွေးနွေးခဲ့ကြရာ ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပုံ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံစသည့် သမိုင်းကြောင်းအား အကျယ်တဝင့် အသိပညာပေး  အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)