နွားထိုးကြီး ဖေဖော်ဝါရီ ၉
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူပေါင်း၍ စားသုံးသူရေးရာသိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးသန်းအေးမှ စားသုံးသူ၏အခွင့်အရေး၊ စားသုံးသူကာကွယ်ရေးဥပဒေမှပါရှိသည့် စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ်ဖော်ပြရမည့် အာမခံချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တားမြစ်ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ စားသုံးသူတောင်းဆိုနိုင်သောအခွင့်အရေးတားမြစ်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက်ကိုဖောက်ဖြတ်သည့် စီးပွားရေးလုပ်ငန်းရှင်ကို ကော်မတီအနေဖြင့် အရေးယူမှုများကို အကျယ်တဝင့်ရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်စေရန် Call Centre ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိရာ Call Centre နံပါတ်(၁၅၃၅)သို့ တယ်လီနော၊ အူရီဒူး၊ မိုင်လ်တဲ၊ အမ်ပီတီ စသည်တို့ဖြင့် ဆက်သွယ်နိုင်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်