ယင်းမာပင် ဖေဖော်ဝါရီ ၉
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သောဌာနပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ယင်းမာပင်မြို့ ပြည်သူ့အားကစားကွင်းအတွင်း၊ ပွဲကြည့်စင်ရှေ့၌ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။
“၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲတွေကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ကစပြီးကျင်းပပေးနေတာပါ၊ ဒီနေ့မှာတော့ဆုရရှိတဲ့အသင်းတွေကို ဆုများချီးမြှင့်ပေးတာဖြစ်ပါတယ်” ဟု မြို့နယ်ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က ပြောသည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲများတွင် ဆုရရှိကြသည့် ရဲတပ်ဖွဲ(က)အသင်းကို ခရိုင်ဥက္ကဌ၊ ဦးဆန်းမော်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် လုံခြုံရေးအသင်းအား၊ အဖွဲဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းခိုင်ထွန်းကလည်းကောင်း၊ တတိယဆုရရှိသည့် မြို့နယ်ထွေအုပ်အသင်းအား အတွင်းရေးမှူး၊ ဒုတိယရဲမှူးကြီး တင်ထွဋ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)