သတင်းများ

မဘိမ်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Feb 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအားအခမဲ့ဆေးဝါး ကုသပေး
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်(၈)နာရီ အချိန်မှ စတင်၍ ပြည်သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ရှင်သန်နေထိုင်စေရေးကို ရည်ရွယ်၍ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အတူဆေးဝါး ကုသမှုများအား အခမဲ့ဆောင်ရွက်ပေးကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးလုပ်ငန်း အလုပ်အမှုဆောင် အဖွဲ့ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ
Feb 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်း အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံး၌ ကျင်းပသည်။
ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ပြည်သူ့ဆေးရုံတွင် အရေးပေါ်အသုံးပြုနိုင်ရန်အတွက် (5 KW)မီးစက်တစ်လုံး ပေးအပ်
Feb 10,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ် အသုံးပြုနိုင်ရန်အတွက် (5KW) မီးစက်တစ်လုံး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့၌ (၇၆)နှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ကျောင်းသား၊ သူများအား အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ပျော်ရွှင်စရာ ကစားအစီအစဉ်များ ဆောင်ရွက်
Feb 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့မွန်းလွဲ (၃) နာရီအချိန်က (၇၆)နှစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) ကျောင်းသား၊ကျောင်းသူကလေးများနှင့် ပျော်ရွှင်စရာကလေးတို့ကမ္ဘာ အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး၌ အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်
Feb 10,2023
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမ်းအနားမှူသင်တန်း (၁/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ(၁)နာရီက ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
မက်မန်းမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Feb 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် (၇၆)နှစ်မြောက် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာလုံးပေါင်းသတ်ပုံအမှန်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centrခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ
Feb 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)‌မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နေ့လယ် ၁ နာရီက  ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက  ကျောင်းသား၊ ကျောင်းသူလေးမျာအား ရှင်းလင်းဟောပြောခဲ့သည်။