ဖျာပုံ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်(၈)နာရီ အချိန်မှ စတင်၍ ပြည်သူများကျန်းမာပျော်ရွှင်စွာဖြင့် ရှင်သန်နေထိုင်စေရေးကို ရည်ရွယ်၍ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အတူဆေးဝါးကုသမှုများအား အခမဲ့ဆောင်ရွက်ပေး ကြောင်း သိရသည်။
ထိုသို့ဆေးဝါးကုသရာတွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၊ ရွှေပုဇွန်မြစ်တွင်းသွား ဆေးရုံရေယာဉ်နှင့် စကုမြစ်ရေယာဉ်တို့ဖြင့် ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ရေယာဉ်စုမှူး ဗိုလ်မှူး အောင်ဇော်မင်းတို့ ဦးစီးသော ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သွားဖွားမီးယပ်ပါရဂူ၊ ကလေးကုသမှုပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ရောဂါဗေဒပါရဂူ၊ မေ့ဆေးပါရဂူ၊ အရိုးရောဂါခွဲစိတ်ပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ပါရဂူ၊ မျက်စိရောဂါခွဲစိတ်ပါရဂူ၊ သွားရောဂါပါရဂူ၊ ပြည်သူ့ကျန်းမာရေး ပါရဂူတို့ ပါဝင်သော အရာရှိ၊ စစ်သည် (၈၅)ဦး လိုက်ပါ စီးနင်းခဲ့ပြီး ဒေသခံပြည်သူများအား အခမဲ့ဆေးဝါး ကုသပေးခြင်းဖြစ်ကြောင်းနှင့် ဆေးဝါးကုသမှုများ အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် လိုအပ်သည်များကို ခရိုင်/ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖျာပုံ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဒေသခံပရဟိတအဖွဲ့များမှ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့၍ ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၅ ဦး၊ ခွဲစိတ်ရောဂါ ၄၅ ဦး၊ ကလေးရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၁၅၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၅၉ ဦး၊ မျက်စိရောဂါ ၁၂၈ ဦး၊ သွားရောဂါ ၆၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၅ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၄၃ ဦး၊ အထွေထွေခွဲစိတ်လူနာ ၁၀ ဦး၊ မျက်စိခွဲစိတ် လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၄ ဦးတို့ကို ရောဂါရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာ ၇ ဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံကြီးများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဖျာပုံခရိုင်ပြန်/ဆက်