သတင်းများ

စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်​ဆေးဝါး အန္တရာယ်ကာကွယ်​ရေး အသိပညာ‌​ပေး​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Feb 09,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်​နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်​ဆေးဝါး အန္တရာယ် ကာကွယ်ရေး အသိပညာ​ပေး ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ရမ်းဗြဲမြို့နယ်၌ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက်ရေပေးရေးဖွင့်ပွဲကျင်းပ
Feb 09,2023
(၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့ နယ်လက်ပန် ကျေးရွာအုပ်စု၊ လက်ပန်အဝကျေးရွာ၌ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက်ရေပေးရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြိုကလေးငယ်မျာ၏ ကာယစွမ်းရည် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ မြိတ်မူလတန်းကြိုကျောင်းတွင် ကျင်းပ
Feb 09,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြိုကလေငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ(၉)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Feb 09,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ် အထက်များအား Myancopharm ကာကွယ်ဆေးများကို ပထမအကြိမ်ထိုးနှံပေးပြီး၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းပြင်ပကလေးများအား Pfizer ကာကွယ်ဆေးများကို ယနေ့နံနက် ၀၉:၀၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်
Feb 09,2023
ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို)အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အမက-ပိုင်ကျုံ မြန်မာစုကျောင်း၌ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ   အခမ်းအနား ကျင်းပ
Feb 09,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ အမက-ပိုင်ကျုံမြန်မာစုကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုစနစ်တကျရှိရေး ကွင်းဆင်းစစ်ဆေး
Feb 09,2023
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်၊ မင်းနန္ဒာလမ်းရှိ အရောင်းပစ္စည်းဆိုင်များ၏ ပစ္စည်းထားသို ဂိုထောင်များအတွင်း မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုစနစ်တကျရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို  ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးအန္တရာယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 09,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။