သတင်းများ

ရှမ်းရွာသစ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 09,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် စေတနာရှင်စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့် စေတနာရှင်စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယ​မန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းအုပ်ကြီးဖလား အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကျင်းပ
Feb 09,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်၏ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းအုပ်ကြီးဖလား အဆောင်လိုက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအား ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းအားကစားကွင်း၌ကျင်းပရာ ဘောလုံးပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် အသင်းများကို တံခွန်စိုက်ဆုဖလားနှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သည်။
မဟာအောင်မြေမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းများ၊ အကြုံပြုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 09,2023
မဟာအောင်မြေမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ၊ အစိုးရစာသင်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအား မီးပေါ့ဆမှု မရှိစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ Myanmar International Academy (MIA)  ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းမာပင်၌ ဌာန​ပေါင်းစုံဖူဆယ်​ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Feb 09,2023
၂၀၂၃ခုနှစ်၊​ ဖေ​ဖော်ဝါရီလ ၁၂ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၆) နှစ်​မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သောဌာန​ပေါင်းစုံ​ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ​ယ​နေ့နံနက် ၁၀ နာရီအချိန်က ယင်းမာပင်မြို့ ပြည်သူ့အားကစားကွင်းအတွင်း၊ ပွဲကြည့်စင်​ရှေ့၌ကျင်းပခဲ့​ရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်​ရောက်ကြ​ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာ Talk Show ကျင်းပ
Feb 09,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပြုလုပ်သည်။
ဓနုဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ပန်းချီပြိုင်ပွဲ နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
မြင်းမူမြို့ပြည်သူ့စာကြည့်တိုက်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (talk show) ကျင်းပပြုလုပ်
Feb 09,2023
၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင်ကျ‌‌ရောက်မည့် (၇၆) နှစ်မြောက်ပြည်တောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (talkshow) အစီအစဉ်ကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။