ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၉
ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို)အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူက ပြည်ထောင်စုနေ့(အကြို)အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ