ဒေါပုံ ဖေဖော်ဝါရီ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်၊ မင်းနန္ဒာလမ်းရှိ အရောင်းပစ္စည်းဆိုင်များ၏ ပစ္စည်းထားသို ဂိုထောင်များအတွင်း မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုစနစ်တကျရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးအန္တရာယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် g&g အရောင်းဆိုင်၊ JDS အရောင်းဆိုင်၊ ZTE အရောင်းဆိုင်များ၏ ပစ္စည်းသို လှောင်ရုံများရှိ တာဝန်ရှိသူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထူးချွန်က မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ မီးလောင်ရန်လိုအပ်သည့်အကြောင်းအရင်းများ၊ မီးလောင်ခြင်း အမျိုးအစားများ၊ မီးအမျိုးအစားအလိုက် ငြိမ်းသတ်နည်းစနစ်များ၊ မီးလောင်မှုများဖြစ်ပေါ်ပါက ဆက်သွယ်ရမည့် နည်းလမ်းများနှင့် မီးလောင်ပြင်တွင် အသက်အန္တရာယ် မဆုံးရှုံးစေရန် သတိထားလိုက်နာသင့်သည့် အကြောင်းအရာများအား စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပစ္စည်းသိုလှောင်ဂိုထောင်များရှိ တာဝန်ရှိသူများအား မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက လက်တွေ့မီးငြိမ်းသတ်မှုများကို သရုပ်ပြသရာ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းများ၊ ဂတ်(စ်)မီးလောင်မှုအား ငြိမ်းသတ်ခြင်းနှင့် Auto System ဖြင့် မီးငြိမ်းသတ်မှုစသည်တို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးခြင်းနှင့် မီးငြိမ်းသတ်မှုစနစ်တကျရှိစေရေး ကွင်းဆင်း စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ ဆက်)