(၇၆)နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ် ယင်းမာပင်၌ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

ယင်းမာပင် ​ဖေ​ဖော်ဝါရီ ၁၀

(၇၆)နှစ်​မြောက် ပြည်​ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယ​နေ့နံနက်ပိုင်းက ခရိုင်စု​ပေါင်းရုံးဝင်းအတွင်း၌ ကျင်းပ​သည်။

ပြိုင်ပွဲတွင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်က အမှာစကား​ပြောကြားပြီး ပြိုင်ပွဲ စည်းကမ်းများနှင့် ပတ်သက်၍ ခရိုင်မီးသတ်ဦးစီးမှူး၊ ဦးမိုး​ကျော်က ရှင်းလင်း​ပြောကြားသည်။

ထို့​နောက် ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင် အသင်း (၈)သင်း ပါဝင်ယှဥ်ပြိုင်​နေမှုကို လှည့်လည်ကြည့်ရှု အား​ပေးကြသည်။

ပြိုင်ပွဲတွင် ဆုရရှိကြသည့် မြို့နယ်ရဲတပ်ဖွဲ့အသင်းကို ခရိုင်ဥက္ကဋ္ဌ၊ ဦးဆန်း​မော်ကလည်း​​ကောင်း၊ ဒုတိယဆုရရှိသည့် ခရိုင်ရဲတပ်ဖွဲ့အသင်းကို အဖွဲဝင်(၁)  ဒုတိယဗိုလ်မှူးကြီး ဝင်းခိုင်ထွန်းကလည်း​ကောင်း၊ တတိယဆုရရှိသည့် ခရိုင်မီးသတ်တပ်ဖွဲ့အသင်းကို အတွင်းရေးမှူး၊ ဒုတိယရဲမှူးကြီး တင်ထွဋ်ကလည်း​​ကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်