(၇၆)နှစ်မြောက် ပြည်‌‌ထောင်စုနေ့ အထိမ်းအမှတ်ငါးချဉ်ပိုင်း(မူလွန်)ကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များပြသ

သနပ်ပင် ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ငါးချဉ်ပိုင်း(မူလွန်)ကျောင်း၌  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ  မြို့နယ်ဦးစီးအရာရှိ ညိုပြာက ကျောင်းသူများအား  ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ စာအုပ်၊ စာပေကို လေ့လာဖတ်ရှု့မှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ခြင်းကြောင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းရရှိစေရန်ရည်ရွယ်၍   အသိပညာပေးဟောပြောပွဲများနှင့် Mobile Library လုပ်ငန်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများကို  သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/ စာစောင်  စသည့် စာအုပ်များ ဖတ်ရှုစေပြီး မိမိတို့ကြိူက်နှစ်သက်ရာ စာအုပ်စာစောင်များကိုလည်း အခမဲ့ဌားရမ်း ဆောင်ရွက်ပေးခဲ့ကြသည်။

လှမိုး(ပြန်/ ဆက်)