မိုးမိတ်မြို့နယ် တောင်ပိုင်းရပ်ကွက် အ-မ-က(၄)ကျောင်း၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော

မိုးမိတ်  ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို တောင်ပိုင်းရပ်ကွက် ကြည်တော်စုရပ်ရှိ  အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နေ့လည် ၂  နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်က မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးဘေးလုံခြုံမှုနှင့် မီးသတိပြုမှုရှိစေရေးတို့အတွက် အလေးထားဟောပြောခဲ့ပြီး၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ရေးသရုပ်ပြခြင်း၊ ဖုံးအုပ်ငြိမ်းသတ်၍သရုပ်ပြခြင်း၊ အဆင့်မြှင့်ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများ အသုံးပြုပုံအားသရုပ်ပြခြင်းနှင့် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)