ကျိုင်းတောင်း ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစားပင်စင်ဝန်ထမ်းများမှ အေးချမ်းစွာလာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင် လစာစားဝန်ထမ်း (၆၀) ကျော်ခန့်ရှိပြီး အငြိမ်းစားပင်စင် ဝန်ထမ်းများ အဆင်ပြေစွာ လစာငွေများ လာရောက်ထုတ်ယူနိုင်ရန်အတွက် ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ၏ လစာထုတ်ရက်မတိုင်မီ (၂၁)ရက်နေ့မှ စတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များ တွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ်မန်နေဂျာ ဒေါ်နန်းခမ်းရီထံမှ သိရသည်။
သီဟ(ပြန်/ဆက်)