လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ကန့်ဘလူ ဖေ‌ဖေါ်ဝါရီလ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေဖေါ်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စု‌ပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က  စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက်တက်ရောက်လာ‌‌ကြ သောစာပေဝါသနာရှင်များက စာရေးဆရာအောင်ကိုဦး (UMK)၏ လူငယ်တွေ စဉ်းစားဖို့စာအုပ်မှ အခန်း(၁၈) “အပြန်အလှန် နားလည်ယုံကြည်မှု” ဆိုသည့် ဆောင်းပါးတွင် ငြိမ်းချမ်းတဲ့ လူမှုအဖွဲ့အစည်းကို တည်ဆောက်ရာမှာ ကိုယ်ရည်ကိုယ်သွေးပြည့်၀တဲ့ အောင်မြင်တဲ့ လူသားရင်းမြစ်တွေ ပေါ်ထွန်းလာဖို့ဆိုရင် ယုံကြည်မှုပေးဖို့ လိုကြောင်း၊ ယုံကြည်မှု မပေးထားရင် ယုံကြည်ချက် ပျောက်ဆုံးနိုင်ကြောင်း ယင်းကြောင့် ယုံကြည်မှုရဖို့ဆိုရင်‌‌​ မေတ္တာတရားသာ အရေးကြီးကြောင်းတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)