သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး
Feb 27,2023
ရိုးရာအမွေအနှစ်များမတိမ်ကောမပပျောက်စေရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာ အတတ်ပညာများ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာသော အထည်ထုတ်လုပ်ငန်းများကို တီထွင်နိုင်သည့် အတတ်ပညာများလေ့ကျင့်သင်ကြားပေးနိုင်ရေးတို့အတွက် ဘားအံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသည် နှစ်စဉ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် အဆိုပါသင်တန်းကျောင်းသို့သွားရောက်၍ သင်တန်းဖွင့် လှစ်ထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တပ်ကုန်းမြို့၌ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင် စနစ်ကျလယ်ယာမြေ (၇၉ ဒသမ ၈၈)ဧက အောင်မြင်စွာ ဖော်ထုတ်ပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Feb 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်(စံပြ)ကျေးရွာတွင် ၂၀၂၃ခုနှစ်၊ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စနစ်ကျလယ်ယာမြေ (၇၉ဒသမ၈၈)ဧက အောင်မြင်စွာ ဖော်ထုတ်ပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ လယ်ယာမြေဖော်ထုတ်ခြင်းစီမံကိန်း ရှင်းလင်းဆောင်တွင် ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်အရ ပြည်သူလူထုပူးပေါင်း ပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်
Feb 27,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်အရ ကျောက်ဖြူခရိုင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူ လူထုပူးပေါင်းပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့ နံနက် ၇ နာရီက ပြင်ဖြူမော်ရပ်ကွက်ရှိ ဒီရေတောစိုက်ခင်းအနီးတွင် စုပေါင်းဆောင်ရွက်သည်။  
မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 27,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ချောက်မြို့၌ မီး​ဘေးကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ
Feb 27,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ယ​နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီး​ဘေးကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပခဲ့သည်။
မာန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး
Feb 27,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၈ ရက်နေ့ထိ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
မိုင်းဖြတ်မြို့နယ်၌ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး
Feb 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁)တပ်မတော်ဆေးရုံခုတင်(၁၀၀)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မိုင်းဟဲကျေးလက်ကျန်းမာရေးဌာန၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သာသနာ့သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ပြီးစီးမှု ရှစ်ဆယ်ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်
Feb 27,2023
ထေရဝါဒဗုဒ္ဓသာသနာတော်ဆိုင်ရာလုပ်ငန်းများကို သံဃာတော်အရှင်သူမြတ်များဆောင်ရွက်ရာတွင် မပင်မပန်းငြိမ်းချမ်းစွာ သီတင်းသုံးတော်မူလျက် သာသနာ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်​ရန်အတွက် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးကို