ငဖဲမြို့နယ် ထန်းကိုင်းကျေးရွာတွင် နဂါးမောက်သီးများ စိုက်ပျိုး အောင်မြင် ဖြစ်ထွန်း
Aug 05,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာအုပ်စု ထန်းကိုင်းကျေးရွာ၏ မြောက်ဘက် ငဖဲ-စေတုတ္တရာ ကားလမ်းဘေးရှိ ကိုင်းမြေတွင် မြေအောက်ရေကို အသုံးပြုပြီး နဂါးမောက်ပင်များကို စိုက်ပျိုးရောင်းချရာ အသီးများ အောင်မြင်ဖြစ်ထွန်း၍ ရောင်းအားကောင်းကာ မိသားစုစီးပွားရေး အဆင်ပြေကြောင်း နဂါးမောက်စိုက်ပျိုးရောင်းချသူ တောင်သူဦးမောင်ဝင်းထံမှ သိရသည်။