ကျွန်းလှ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်း စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။
“ဂန္ဓမာပန်းစိုက်ပျိုးလာတာ (၇) နှစ်လောက်ရှိပြီး ပန်းမျိုးကို ပြင်ဦးလွင်မြို့ကနေ ဝယ်ယူရပါတယ်။ အခုအခါ မြေအောင်ရေတင်ပြီး အပင်ရေ ၁၅၀၀၀ ခန့်စိုက်ပျိုးရာမှာ မျိုးဖိုး၊ ဆေးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုးနဲ့ အလုပ်သမားခအပါဝင် ငွေကျပ် တစ်သိန်းကျော် ကုန်ကျပါတယ်။ ဒီနှစ် ပန်းသုံးခက်၊ လေးခက်ကို ငွေကျပ် ၅၀၀ ရောင်းရပြီး သုံးလခန့် ရောင်းလာရာ ငွေကျပ် ၁၅၀၀၀၀ ကျော်ရရှိပြီးဖြစ်ပါတယ်” ဟု ဂန္ဓမာပန်းစိုက်သူတစ်ဦးက ပြောပြသည်။
ကျွန်းလှမြို့နယ်တွင် နေအိမ်ဝင်းများအတွင်း မြေအောက်ရေတင်ပြီး တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်း စိုက်ပျိုးကြသော်လည်း ယခုအခါ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ