ညောင်ဦး မတ် ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ညောင်ဦး-မြင်းခြံ-ပခုက္ကူ သွားကားလမ်း တစ်ဖက်သုံးပေချဲ့ခင်းမည့် သာယာဝတီရပ်ကွက် မြို့တွင်းလမ်းချဲ့မည့်နေရာများကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ ယမန်နေ့ နေ့ခင်းပိုင် ၂နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ညောင်ဦး-မြင်းခြံ-ပခုက္ကူမြို့သွားလမ်း ယခင်လမ်းဟောင်း ၁၈ ပေအား တဘက် သုံးပေချဲ့ခင်းမည့် သာယာဝတီရက်ကွက်အတွင်း နေအိမ်ခြံစည်းရိုး၊ လျှပ်စစ်တိုင်များ၊ စည်ပင်သာယာရေး အဖွဲ့ မြို့တွင်းရေးပေးပိုက်လိုင်းများနှင့်လွှတ်မလွှတ် တဘက်သုံးပေ ချဲ့ထွင်ခင်းမည့် နေရာများ တိုင်းတာစစ်ဆေးခဲ့ကြောင်းသိရသည်။ ယခင်လမ်းဟောင်း (၁၈)ပေးအား (၂၄)ပေအကျယ်ချဲ့ ခင်းမည်ဖြစ်ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် မြတ်နိုးသူကုမ္ပဏီကတာဝန်ယူကာ ၀/၀ မိုင်မှ ၁/၀ မိုင်ထိ လမ်းခင်းမည့်နေရာများအား တိုင်းတာစစ်ဆေးခဲ့ကြောင်း၊ လမ်းတိုင်းတာ စစ်ဆေးခြင်းအား ညောင်ဦးမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြတ်နိုးသူကုမ္ပဏီတာဝန်ရှိသူများပါဝင်ကာ တိုင်းတာ စစ်ဆေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း